ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အရှိန်အဟုန်မြှင့် Mask Campaign ပညာပေး လုပ်ငန်များ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုလျော့နည်း စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီက ဦးဆောင်၍ မဖြစ်မနေ လမ်းထွက် သွားလာနေကြသူများကို

ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေး

ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) မှ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပန်းတောလမ်းပေါ်ရှိ အရှည် (၁၅၀)ပေ နောင်မဲ့လုံကျေးရွာနှင့် လေးသီ ကျေးရွာကြား ခေါပုတ်ချောင်းကူးတံတား နှစ်လွှာတစ်ထပ်ဘေလီတံတား တည်ဆောက်နိုင်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် ထားသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့် သံဖြူဇရပ်မြို့နယ် အတွင်း ဝဲဝင်ကရာ ဝါးဘိုးတောင်၊ ဖဲပဒေါ ၊ ဝဲဟတာ ကျေးရွာချင်းဆက်လမ်း လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်ကံမမြို့နယ်တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၄) ဦးကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့ ပြည်သူ့ဆေးရုံတွင် အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေ ကြသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦး ကျန်းမာရေးကောင်းမွန်၍ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

၄ ခုမြောက် ဖျားနာကုသရေးဆေးခန်း Fever Clinic မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်

မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း Fever Clinic ၄ ခုမြောက်အား မဟာအောင်မြေ မြို့နယ် ၄၁လမ်း လက်သမားရပ်တွင်ဓမ္မာရုံဝင်းအတွင်း ဒီဇင်ဘာလ ၁၈ရက်၊ ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများ စပါးခင်း စိုက်ခင်းများသို့ ကြွက်များကျရောက် နေမှုအားကွင်းစစ်ဆေး

ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများမှ နှောင်းလုံး(အင်းကြီး)ကို အမှီ စိုက်ပျိုးသည့် နွေစပါး (မုယင်း)ပျိုးခင်းများသို့ ကြွက်များကျရောက်ကြောင်းသိရှိရဖြင့် ယမန့် နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် အတူတကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဘိုကလေးမြို့နယ် မဟာသီလဝံကန်တော်ကြီး ကန်ဆယ်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက သောက်ရေကန်အဖြစ် မြို့နေလူထုမှ အားကိုးအားထားပြုလာခဲ့သည့် ဘိုကလေးမြို့၏ပြယုဂ် မဟာသီလဝံကန်တော်ကြီးသည် ပြောင်းလဲလာသည့် ရာသီဥတုနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် သောက်ရေကန်ကြီးအတွင်း အမှိုက်များ တည်ရှိနေခြင်း၊ ကန်ဘောင်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေမှုများ ရှိနေသည့်အတွက် ယခုနှစ် ဒီဇင်ဘာလဆန်းခန့်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ စေတနာထား ဦးဆောင်သူများ၊ စေတနာ့လုပ်အားရှင်များနှင့် မြို့သူ/မြို့သားအလှူရှင်များ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ စုပေါင်း လှူဒါန်းဆောင်ရွက်မှုတို့ဖြင့် ကန်အတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ကန်ဘောင် လျှောက်လမ်းမှ ခြုံနွယ်ပိတ်ပေါင်းများအား စက်ယန္တရားများဖြင့် ရှင်းလင်းခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် ကန်ဆယ်ယူခြင်းလုပ်ငန်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ