စလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် (U-H-W)ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရန် ၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာ ရီခွဲက စတင်ကျင်းပကြောင်း သိရသည်။