မကွေးတိုင်းဒေသကြီး

မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဂန့်ဂေါမြို့တွင် ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့တွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို အောက်တိုဘာ(၂၉)ရက်မှ (၃၀)ရက်နေ့အထိ ဂန့်ဂေါမြို့ ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန် တောင်သူများက ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခ.လ.ရ(၅၀) တပ်ရင်းနှင့် မွန်းလွဲ ၁ နာရီအချိန်က အမြှောက်တပ်(၃၇၁)တပ်ရင်းခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။                          

ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ် ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဂန့်ဂေါမြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင်  KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက်

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက နှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံးဆောင်းသီးနှံစုံဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိသီးနှံစုံဧက နှစ်သောင်းခွဲကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မင်းလှမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် မွေးမြူရေးလုပ်ငန်းနှင့် MSME လုပ်ငန်း ပဲကြော်၊ ပဲလှော်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် မွေးမြူရေးလုပ်ငန်းနှင့် MSME လုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဌေး၏ သိန်းသန်းစံပဲကြော်၊ ပဲလှော်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေက ကြည့်ရှုစစ်ဆေးခဲ့သည်။

သရက်မြို့၌ ပျားအုံများဖြင့် ဝတ်မှုန်ကူးခြင်း၏ အကျိုးရလဒ်များ ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ မကွေးတိုင်းဒေသကြီး တာဝန်ခံရုံး၏နေကြာသီးနှံအား ပျားအုံများဖြင့် ဝတ်မှုံကူးခြင်း၏ အကျိုးရလဒ်များဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက စိုက်ပျိုးရေး ပညာပေးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး