မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းများဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသောလုပ်ငန်းများကို မတ် ၁၂ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း (မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)သင်တန်းဖွင့်ပွဲအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ GRADE-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက် နံနက်ပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ် (၃) နှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ကိုစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်း အတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက် ကောင်းမွန်ရေးနှင့် အလင်းရောင် လုံလောက်စွာ ရရှိရေးလိုအပ်ကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ရေနံချောင်းမြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အရည်အသွေးပြည့်မီသည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြင့်မြတ်တော်ဝင်ကုမ္ပဏီ(မကွေး)တို့ပူးပေါင်း၍ ကြက်သွန်နီစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)တောင်သူနည်းပညာပေးသင်တန်းကို မတ်လ ၉ ရက်နေ့က ရာပြည့်သာသနာ့ဗိမာန်တော်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များ လာရောက်ကြည့်ရှုစစ်ဆေး

‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီမြတ်ကြီး၏ (၁၁၉၆) နှစ်ပြည့်၊ ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီမြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၁၁၉၆) ခုနှစ်၊ ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ဇေယျဝဎ္ဍနဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ မတ် ၃ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး