ချောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများကာယ၊ ဥာဏ၊ စာရိတ္တ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာအခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်အောင်လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ယင်းကျောင်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။