မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးမှု ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေသော တောင်မုန်းမြောင်းမကြီးတွင် ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။