အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စပါးစိုက်ဧကလျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစပါးစိုက်ဧက လျာထားပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘွက်ကြီးဆည်ရေသောက်ကွင်းနှင့် ပဒဲဆည်ရေသောက် တောင်သူများနှင့် ရွာမထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သည်။