ပွင့်ဖြူမြို့၌ ရေကြီးရေလျှံမှုကင်းဝေးစေရန် ရေဆိုးထုတ်မြောင်း Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလတွင် ရေကြီးရေလျှံမှုကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။