မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်) ပင်မဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၁၂၇၉၃၇ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် သီးနှံစုံ ၁၂၇၉၃၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ် ငလှိုင်တောကျေးရွာ(အ.မ.က)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန် ၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို စက်တင်ဘာလ(၅)ရက်နေ့နံနက် ၉ နာရီက ငလှိုင်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း သာသနာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေရန်အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ်ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ် ဒေသထွက်ငရုပ်သီးစိမ်းများ စျေးပြန်လည်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့ သစ်မြို့နယ်တွင်စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီးရောင်းချချိန် ငရုပ်သီးစိမ်းစျေးများပြန်လည်ကျဆင်းနေကြောင်းသိရသည်။

ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝအမှူးပြုသော ပင့်သံဃာ (၃၉၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို ယမန်‌နေ့က ရန်အောင်မြင်စေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ-၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၂/၂၀၂၅) ကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူတက္ကသိုလ်၌ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ ပြပွဲ၊ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ Quality Education through Project-based Learning (ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့) ပြပွဲ၊ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်တွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအားဆေးကုသပေးကြောင်းသိရသည်။

(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့်သွေးလှူဘဏ်၌ ခရိုင်အခြေပြုရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး