မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိလိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်(၉)နာရီက မြို့မဈေးအတွင်းလိုက် လံစစ်ဆေးခဲ့ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ရေသွင်းငရုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင်ရေသွင်းငရုပ်စိုက်ခင်းများ ကိုကိုင်းမြေနှင့်ကုန်းမြေတို့တွင် စိုက်ပျိုး ဆောင်ရွက်ကြပြီး အောင်မြင်ဖြစ်ထွန်း၍ ဈေးရရှိကြောင်းသိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်  ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင် တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ နွေသီးနှံ စိုက်ပျိုးတောင်သူများအား မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်‌နေ့ နံနက်ပိုင်းမှစပြီး  ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ  စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာရှိ ဟိန်းစည်စက်သုံးဆီအရောင်းဆိုင်၌ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၂၂ မိနစ်က မော်တော်ယာဉ်ပေါ်မှ 92 ဓာတ်ဆီပေပါအား ဆီလှယ်ရန်ဂေါက်ဖြင့် ဖွင့်နေစဉ် မီးပွင့်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး Campaign ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်/စက်များ အသင့်ဖြစ်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများအားကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့သွားရောက်၍ မီးသတ်စခန်းနှင့် မီးသတ်ယာဉ်/စက်များအသင့်ဖြစ်မှုနှင့် ကြံ့ခိုင်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဇာတ်သသဘင်ဖျော်ရေးအပါအဝင် စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှု အထိမ်းအမှတ် အောင်ပွဲနှင့် ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဇာတ်အလှသဘင် ဖျော်ဖြေရေး အစီအစဉ်များ အပါအဝင် စုပေါင်းဈေးရောင်းပွဲတော်ကို ၁၂ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း   မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌မြို့ နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေ‌ရန် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်က ချောက်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့‌ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး