ပခုက္ကူမြို့နယ်၌ ငလျင်ဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သူ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဖြစ်စဉ်၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။