မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ပခုက္ကူမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို  ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် ကျင်းပမည့်မဲရုံများနှင့် မဲပေးစက်များအား မီးဘေးလုံခြုံရေးလိုက်လံ စစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင်ကျင်းပမည့် မဲရုံများနှင့် မဲပေးစက်များအား ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့သည်။

စလင်းမြို့နယ်၌၊ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်မည့် မဲရုံအဖွဲ့ဝင်များအား (MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မကွေးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား တိုင်း‌ဒေသကြီးဝန်ကြီးချုပ် တက်‌ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။

ဂန့်ဂေါမြို့တွင် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးလှည့်လည်ဆော်ဩ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲရုံဖွင့်လှစ်မည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်) ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး လှည့်လည်ဆော်ဩခြင်းများကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.ကမင်းလှ(မြို့တွင်း) သပြေခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။

ကံမမြို့နယ်၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့နယ် မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန​ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး