အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးပြိုင်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်လံ-ကျော်စွာ-အောင်လံ အသွားအပြန် တာဝေးစက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးမှ စတင်ကျင်းပခဲ့သည်။