မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ လွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါကာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဂန့်ဂေါမြို့၌ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြသည်။                                    

စလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့(၁၁)နာရီက အောင်လံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ(၁)ရက်နေ့ နံနက်(၈)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ကံမမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)မှ ကျောင်းသား၊ ကျောင်းသူများအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအသီးသီးအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။ 

သရက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

သရက်မြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၈)နာရီခွဲက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး