တောင်တွင်းကြီးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းနှင့်အခြားပေါ်ဆန်းအမျိုးအစားဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အရောင်းဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ယမန်နေ့ နေ့လယ်ကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။