မြို့သစ်၌ ဒေသထွက် ငရုတ်သီးစိမ်းစျေးအနည်းငယ် ပြန်တက်၊ စိုက်ပျိုးရောင်းချသူများဈေးကောင်းရရှိ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်ငရုပ်သီးစိမ်းများအနည်းငယ် ပြန်တက်လာကြောင်း သိရသည်။