ရေစကြိုမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
ရေစကြိုမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်ယုယုထွေးက ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ရေစကြိုမြို့၊ သုခဝတီရပ်ကွက်၊ အမှတ် (၁၆၇) မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။