ပခုက္ကူမြို့၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင် ပြသ
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။