တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ ဟောပြောပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းကရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်းပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲ စနစ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့၌ ထင်းအစားထိုး လောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှု ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြသည်။

ကရသူရိမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်  ကရသူရိမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့်  ဆွမ်းဆက်ကပ် လှူဒါန်းမှုပြုလုပ်သည်။

ကော့ကရိတ်မြို့၌ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား  Unique Identity ကတ်များထုတ်ပေးလျက်ရှိ

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့နယ်ရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် UIDကတ်များဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဆရာကြီး ဦးဘရွှေဖောင်ဒေးရှင်းအဖွဲ့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၂၁ ရက်က ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး လူငယ်မဟာဗျူဟာဖိုရမ် (၂ဝ၂၅) သို့ တက်ရောက်မည့် တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ 

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် (၂ဝ၂၅) သို့တက်ရောက်မည့်တိုင်းဒေသကြီးလူငယ်ကိုယ်စား လှယ်အဖွဲ့အား ထားဝယ်မြို့၊တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေမွန်းလွဲ ၁ နာရီ က တွေ့ဆုံ၍ ယခုဖိုရမ်သည် လူငယ်များအတွက် ပြုလုပ်သော ဖိုရမ်ဖြစ်သောကြောင့် မိမိအတွက်၊ မိမိဒေသအတွက်အကျိုးရှိကြောင်း၊ ထို့ကြောင့် ဖိုရမ်မှရရှိလာသော ဆွေးနွေးချက်များကို လေ့လာမှတ်သားပြီး လူငယ်များကို ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်းပြောကြားသည်။

မြိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟော‎ပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်‎စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြန်ကြား‎ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို ယနေ့‎နံနက် ၁၀ နာရီက မြိတ်မြို့အခြေ‎ခံပညာအလယ်တန်းကျောင်း အ.လ.က(၁)၌ ကျင်းပ ပြု‎လုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းကို ဩဂုတ်လ (၂၁) ရက် နံနက် (၉) နာရီက အ.ထ.က(တနင်္သာရီ) ပညာရတနာခန်းမတွင် ဖွင့်လှစ်သည်။

မြိတ်မြို့တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား  UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး