တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး၊ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ၄၅၄၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာ၂၂၉၇ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့်၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကာ တစ်နိုင်ငံလုံးအောင်ချက်အဆင့်(၅)ရရှိခဲ့ကြောင်း၊ ပညာသည်သာလျှင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးသော ရေသောက်မြစ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။