ကလိန်အောင်မြို့တွင်ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့တွင် ငွေဆွမ်းလောင်းလှူ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် အပါအဝင်ဖြစ်သည့် ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို မတ် ၂ ရက် နံနက် ၉ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။