တနင်္သာရီတိုင်းဒေသကြီး

ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင် အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖျန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ၃၈ မိုင်ရှိ သွေးလွန်တုပ်ကွေး တွေ့ရှိနေအိမ်တွင် သြဂုတ်လ ၃ ရက်နေ့က ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်   ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို  ဩဂုတ်  ၆ ရက် နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ကျောင်းသား၊ကျောင်းသူ ၂၄၅၀ ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်၊ အကောင်းဆုံး မွေးမြူရေးကျင့်စဉ်သင်တန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)၊ အကောင်းဆုံးမွေးမြူရေးကျင့်စဉ်(BAP)သင်တန်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့က မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း KG ကျောင်းသား၊ ကျောင်းသူ ၁၄၇၆၅ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ် အောင်မြင်စွာစတင်နိုင်ခဲ့

တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း(၄၄၃)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူပေါင်း(၁၄၇၆၅)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အောင်မြင်စွာစတင်နိုင်ခဲ့သည့်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး မြန်မာ့သိုင်းအားကစားအဖွဲ့နှင့်တွေ့ဆုံပြီး ရိုးရာအမွေအနှစ်ထိန်းသိမ်းသည့် မြန်မာ့သိုင်းအားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြား

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် တိုင်းဒေသကြီး မြန်မာ့သိုင်း အားကစားအဖွဲ့နှင့် တွေ့ဆုံပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ကော့သောင်းမြို့တွင် “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စက်ချုပ်သင်တန်း”ဆင်းပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "စက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။

ကျွန်းစုမြို့တွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်” ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုး

ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး