တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ အိမ်ရှေ့ပြင်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အိမ်ရှေ့ပြင်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို ဇန်နဝါရီ ၁၁ ရက်နေ့က ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ကျွန်းစုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး  ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အသီးသီး၌  မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပပြီးစီး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင် ပါဝင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ  သတ်မှတ်မဲရုံများအလိုက် နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ

တနင်္သာရီတိုင်းဒသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ သတ်မှတ်ထားသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်၍မဲပေးလျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ရပ်ကွက်/ကျေးရွာများရှိမဲရုံ(၁၅)ရုံ၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆နာရီအချိန်က တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများလာ ရောက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့ (အ-ထ-က)သရက်ချောင်းကျောင်း၌ ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(သရက်ချောင်း) ပညာရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းစုမြို့နယ် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ (၉)ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကျွန်းစုမြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ စတင်ကျင်းပမည်ဖြစ်ရာ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့်သူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့က မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပြည်ခြားကျေးရွာအုပ်စု၊ နန်တောင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့တွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား မြှုပ်နှံဖျက်ဆီး

စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်အမှိုက်ပုံ၌ တွင်းတူး၍မြှုပ်နှံဖျက်ဆီးခဲ့ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး