လောင်းလုံးမြို့နယ်၌ ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ပထမ) အကြိမ်အဖြစ် ၂၁ ရက်အကြာကပ်ထားကြေညာခဲ့ပြီးဖြစ်၍ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် (ဒုတိယ) အကြိမ် မဲစာရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြကြောင်း သိရသည်။