သရက်ချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက သရက်ချောင်းမြို့နယ်၊ နယ်မြေခံတပ်နယ်ရှိ စစ်သည်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က သရက်ချောင်းမြို့နယ်၊ ၄၀၃ တပ်ရင်းခန်းမတွင် ပြုလုပ်ခဲ့သည်။