ကော့သောင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့်လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မူလွန်(အဏ္ဏဝါ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။