သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊အတွင်းရှိ မွေးကင်းစမှအသက် (၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။