မိုင်းပျဥ်းမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖာဝေါအုပ်စု၊ တောင်သုံးလုံးကျေးရွာနှင့် မိုင်းမန်းအုပ်စု၊ အေးချမ်းကျေးရွာတို့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။