မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၃) ကျောင်းတွင် စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီခွဲက အ.မ.က (၄၃) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။