ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သီပေါမြို့နယ် မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ (၇၇) ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍ Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club) ၏ ( ၇၇ ) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုအား သွားရောက်ကြည့်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမနှင့် ခလေးစာဖတ်ခန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ကဗျာပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ လယ်ယာမြေဥပဒေ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က (မူလွန်)ဘန့်ဘွေးကုန်းနှင့် မွန်းလွဲ ၁ နာရီခွဲအချိန်က အ.မ.က(မူလွန်) ကျောက်တလင်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များ၏ ရွှေရောင်မနက်ဖန်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က နတ်သျှင်၊ ရွှေဂူ ရေးသားထားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ