ကျိုင်းတုံမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး)မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ယန်းလောကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းယီတစ်၏ လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။