ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။