ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေမြင့်ရေးသားသော “စိတ်ဓာတ်နှင့်နည်းနာအောင်မြင်ရေးစာစု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​သည်။

လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လူကုန်ကူးမှုသည် ထောင်ဒဏ်တစ်သက်ကျခံနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌  ယနေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ ဆရာတော်ဦးဇောတိကရေးသားသည့် ''လွတ်လပ်သောစိတ်'' စာအုပ်ကို ယနေ့ မွန်းလွဲ(၁)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာအုပ်၊ စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက် (၉) နာရီ ၃၀ မှ၊ ညနေ (၄) နာရီ ၃၀ အထိ၊ ရုံးဖွင့်သည့်နေ့တိုင်း စာအုပ်၊ စာစောင်များကို ငှားရမ်းပေးလျက်ရှိပြီး၊ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များနှင့် ရုံးပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် စာကြည့်တိုက်အတွင်း ဖတ်ရှုခြင်း စာအုပ်စာစောင်များ လာရောက်ငှားရမ်း လေ့လာလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌ လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ က္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉) နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်ရှိ ကက်သလစ်သာသနာဘုရားရှိခိုးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာစေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခမ်းအနားမှူးသင်တန်းကို မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၈)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ