လူထုအခြေပြုဗဟိုဌာန(Community Centre) တောင်ကြီးတွင် ဓာတ်ပုံရိုက်ကူးနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဒေသအကျိုးပြုဓာတ်ပုံဆရာများပေါ်ထွန်းလာစေရန်နှင့် ဓာတ်ပုံဝါသနာရှင်များဓာတ်ပုံပညာကို စနစ်တကျလေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။