စလင်းမြို့နယ် ပေါက်လေးပင် အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာဆောင်ပြပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦး အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။