ကာလိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်းလွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။