ဘူးသီးတောင်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နေလယ်(၂)နာရီအချိန်ခန့်က မြို့သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်သည်။