မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club) အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ လင်းထိပ်သျှင်နှင့်အခြား ရေးသားထားသော "မြို့များ ရာဇဝင်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။