ကျောက်တော်မြို့လူ ထုအခြေပြုဗဟိုဌာ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာရေးဆရာ မခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။