တာချီလိတ်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း အ.ထ.က.ခွဲ (ဝမ်တုံ)ကျောင်းနှင့် အ.ထ.က.ခွဲ (ဝမ်ပုံ)ကျောင်းတို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။