နမ္မတူမြို့နယ် အ.မ.က (၉) ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။