မူဆယ်မြို့၊ နာဂမြောင်လိုဏ်ဂူဘုရားသာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ
ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်စေရေးအတွက် အသိပညာဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်များကို ပြည်သူလူထုသိမြင်ပြီး ရှောင်ရှားနိုင်ကြစေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နာဂမြောင်လိုဏ်ဂူဘုရား သာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်က ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးသူများအတွက် အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။