ရမ်းဗြဲမြို့၊ အ.ထ.က ပုလုပ်တောင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက အ.ထ.က ပုလုပ်တောင်ကျောင်းရှိ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။