ပုဏ္ဏားကျွန်းမြို့နယ်၌ စိုက်ပျိုးရေးနည်းပညာအသိပညာပေးပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ် သုံးစွဲနည်း သရုပ်ပြပွဲကျင်းပ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးဧက အထွက်နှုန်းကောင်းမွန်သည့် စိုက်ပျိုးရေးနည်းပညာ အသိပညာပေးပွဲနှင့် သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ယိုးတရုပ်ရှေ့တန်းစခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။