ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာ‌စောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) Grade (7) တန်းတွင် ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းအဆင့် Grade – 12 တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade – 12 တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း (၁/၂၀၂၄) အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စာရေးဆရာအသင်း (၁/၂၀၂၄)အစည်းအ‌ဝေးပွဲကို လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က (၂) ကျောင်း၌ ကျင်းပခဲ့သည်။

မင်းလှမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ မြို့ နယ်စာရေးဆရာအသင်းနှင့် (Woman Club)အဖွဲ့တို့ ပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် အ.ထ.က (ခွဲ) ရွာသစ်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ အ.ထ.က (ခွဲ) ရွာသစ်ကျောင်းတွင် ယမန်နေ့က လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသက်အရွယ်အလိုက် စာပေကိုရွေးချယ်ဖတ်ရှုတတ်စေရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လယ်ကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း အသိပညာပေး အစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ