အမာမြို့ (Community Centre) ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (Community Centre) ခန်းမတွင် အမာမြို့၊ အထကကျောင်းမှ အလယ်တန်းကျောင်းသားကျောင်းသူများကိုဖိတ်ခေါ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။