အိမ်မဲမြို့နယ် အ-မ-က (လယ်ပေါ်) တွင်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက် အ-မ-က (လယ်ပေါ်) ကျောင်း တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။