ပေါက်ခေါင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်ကျောင်း (မြို့တောင်) ၌ ကျင်းပခဲ့သည်။