ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရခိုင်ချောင် (မြောက်)ကျေးရွာရှိ တောင်သူဒေါ်သက်သက်နွယ်၏ ကွင်းအမှတ်(၂၄၂)၊ ဦးပိုင်အမှတ် (၃၇/၃)၊ လယ်ယာမြေ(၅)ဧက ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံအေရိုးဗစ် အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံအေရိုးဗစ်အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Clubနှင့် ပူးပေါင်း၍ "မုဒိတာ" စာဖတ်ဝိုင်းကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာမ အေးဖြူ၏ “ဖတ်မိသမျှတွေ မျှဝေပေးဖို့” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

တောင်ငူမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ​ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ စိုက်ပျိုးပြီး မိုးစပါး ၁၈၂၀၁ ဧက ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၁၈၂၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း နှင့်မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ် အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ် (၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၁၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးများကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်(၁၅)ရက် နံနက်(၁ဝ)နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အ.ထ.က ခွဲ (၂၇) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.ကခွဲ -  ၂၇ တွင် ကျင်းပသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြား‎ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ မူလွန်ကြေးနန်းဝင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ