ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ဦးမောင်မောင်(မင်းဏီလူ)နှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များစုပေါင်း၍  ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယ‌နေ့နံနက်ပိုင်း စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ MSMEs စီးပွားရေးလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်း၍ MSMEs စီးပွားရေးလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ကန့်ဘလူမြို့၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ဩဂုတ် ၇ ရက်နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃ ) ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး ဆိုင်ရာကော်မတီ၊​ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဗဟန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ရွှေတိုင်လွင်ရေးသားသော “ဆယ့်နှစ်လရာသီစာပန်းချီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် မိသားစုဝင်ငွေ တိုးရေးလုပ်ငန်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

တနင်္သာရီတိုင်းဒေသေကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ မိသားစုဝင်ငွေတိုးရေး လုပ်ငန်းနှင့်ပက်သက် မိသားစုဝင်ငွေတိုးရေးလုပ်ငန်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ရွှေအိုး(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင်  အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့၊ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့၊ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ သံတွဲခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများရာနှုန်းပြည့် ဆောင် ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က “ကျောင်းသား/သူများ ကျောင်းသင်ခန်းစာကို ဂရုတစိုက် သင်ယူလေ့လာကြရန်၊ ကျောင်းစည်းကမ်းများကို အလေးထားရန်၊ ကျောင်းသား/သူများအားလုံး စာရိတ္တကောင်းရုံတင်မဟုတ်ဘဲ စာရိတ္တမာနရှိရန် လိုအပ်ကြောင်းကို ဟောပြောဆွေးနွေးခြင်းနှင့်
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ