တံတားဦးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းပညာသရဖူခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာ အလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။